အင်္ဂလန်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ပြင်ဆင်မှုအဖြစ် ဘော့စနီးယားအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲမှာ ဆာကာနဲ့ မက်ဂွဲယားအပါအဝင် ကစားသမား ၅ ဦးအထိ လွဲမယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/bukayo-saka-england-trains-training-906480474-1024x683.webp)
အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေအတွက် ကစားသမား ၃၃ ဦးစာရင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး ခြေစမ်းပွဲ ၂ ပွဲကစားပြီးရင် အပြီးသတ် ၂၆ ဦးစာရင်းကို နည်းပြဆောက်ဂိတ်က ထုတ်ပြန်သွားမှာပါ။အင်္ဂလန်အသင်းရဲ့ကစားသမားအချို့ဟာ ဒဏ်ရာတွေရှိနေပြီး ဘော့စနီးယားအသင်းနဲ့ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။
ဒဏ်ရာတွေနဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာတဲ့ မက်ဂွဲယား၊လုပ်ခ်ရှောနဲ့ ဂေါ်ဒွန်တို့ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအဉ်တွေကို ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။လုပ်ခ်ရှောဟာ ကြွက်သားဒဏ်ရာကြောင့် ဖေဖော်ဝါရီကတည်းက အနားယူနေခဲ့ရပေမယ့် နည်းပြဆောက်ဂိတ်က သူ့ကို ပဏာမလူစာရင်းထဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/harry-maguire-luke-shaw-england-905577011-1024x600.webp)
အာဆင်နယ်အသင်းကြယ်ပွင့် ဆာကာနဲ့ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းတို့လည်း ဘော့စနီးယားအသင်းနဲ့ပွဲကို ပါဝင်နိုင်မှာမဟုတ်ပေမယ့် သူတို့တွေကို ကြိုတင်ကာကွယ်မှုအနေနဲ့ အသုံးမပြုတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/06/england-coach-gareth-southgate-chats-906462416.webp)
ဆောက်ဂိတ်က “သူတို့အားလုံးဟာ တိုးတက်မှုရှိနေကြပြီး တိုးတက်အောင်လုပ်ဆောင်မှုတွေအတွက် ကျနော်တို့ကျေနပ်ပါတယ်။သူတို့အားလုံးဟာ ဘော့စနီးယားအသင်းနဲ့ပွဲကို လွဲချော်မှာပါ”လို့ ဆိုခဲ့ပါတယ်။