Uncategorized

ဖီနာဘာချီပရိသတ်ထောင်ပေါင်းများစွာရဲ့ကြိုဆိုမှုခံခဲ့ရတဲ့ မော်ရင်ဟို

ဖီနာဘာချီအသင်းဟာ သူတို့ရဲ့အိမ်ကွင်းမှာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း မိတ်ဆက်မှုပြုလုပ်ခဲ့ရာမှာ ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ကြိုဆိုခဲ့ကြပါတယ်။

မော်ရင်ဟိုကိုယ်တိုင်ကလည်း ဖီနာဘာချီအသင်းပရိသတ်တွေနဲ့အတူ ပွေ့ဖက်နှုတ်ဆက်ကာ ဓါတ်ပုံအတူတူရိုက်ကူးမှုတွေပါပြုလုပ်ခဲ့ပါတယ်။ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီလိဂ်ပြိုင်ပွဲမှာ ၁ ပွဲသာရှုံးပြီး ရမှတ် ၉၉ မှတ်အထိရယူနိုင်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းနဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ခဲ့တာပါ။

အဲ့ဒါကြောင့် ဖီနာဘာချီအသင်းဟာ နည်းပြ အစ္စမေးလ်ကာတဲလ်နဲ့ လမ်းခွဲခဲ့ပြီး မော်ရင်ဟိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဖီနာဘာချီအသင်းဟာ မော်ရင်ဟိုရဲ့စာချုပ်ကို ဖော်ပြထားခြင်းမရှိပေမယ့် သတင်းတွေမှာတော့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။

မော်ရင်ဟိုဟာ ဖီနာဘာချီရဲ့အလံကိုဝှေ့ယမ်းပြီး “ပုံမှန်ဆိုရင် အောင်ပွဲတွေရယူပြီးမှသာ နည်းပြကို ချစ်ကြပေမယ့် အောင်ပွဲမရယူခင်မှာ ကျနော်ဟာ ချစ်ခင်မှုတွေရရှိနေတယ်လို့ ခံစားရပါတယ်။ဒီအတွက် ကျနော်ဟာ ကြီးမားတဲ့ တာဝန်ရှိသွားပြီလို့ ခံစားရပါတယ်။အခုချိန်ကစပြီး ဒီအင်္ကျီက ကျနော့်အရေပြားဆိုတာ ခင်ဗျားတို့ကို ကတိပေးတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol