ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန် ၃၀ ရက်အကုန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ စာချုပ်ထဲမှာ လက်မှတ်ရေးထိုးပြီးပြီဖြစ်တယ်လို့ ဘီဘီစီအပါအဝင် နိုင်ငံတကာအားကစားသမားတွေမှာ ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကတည်းက ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့ နှုတ်နဲ့သဘောတူညီမှုရရှိခဲ့ပြီး ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းက ထွက်ခွာမယ်လို့ မေလက ကြေညာခဲ့တာပါ။အခုအချိန်မှာတော့ ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ စာချုပ်ထဲမှာ လက်မှတ်ရေးထိုးလိုက်ပြီး လာလီဂါအပြောင်းအရွှေ့ဈေးကွက်ဖွင့်မယ့် ဇူလိုင် ၁ ရက်မှာ တရားဝင်ပြောင်းရွှေ့မှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်အပတ်မှာ ဘတ်ပီရဲ့အပြောင်းအရွှေ့ကို ကြေညာမှာဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲအပြီး ဘာနေဗျူးမှာ ကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်သွားဖို့ ရှိနေတာပါ။ဘတ်ပီဟာ ရီးရယ်လ်အသင်းနဲ့ ၂၀၂၉ အထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်ကိုယူရို ၁၅ သန်းအပြင် လက်မှတ်ထိုးကြေးအတွက် အပိုဆုကြေး ယူရိုသန်း ၁၅၀ ကို ၅ နှစ်အတွင်းရရှိမှာဖြစ်ပါတယ်။
၂၀၁၇ က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၂၅၆ ဂိုးသွင်းယူခဲ့ပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ကာ ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။