Uncategorized

ဖီနာဘာချီပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့ခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ကြောင်း တူရကီကလပ်က အတည်ပြုပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြဟာ ဖီနာဘာချီအသင်းပရိသတ်တွေကို မက်ဆေ့ချ်ပေးပို့မှုပြုလုပ်သွားခဲ့ပါတယ်။

ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကို ကိုင်တွယ်ရခြင်းမရှိသေးတဲ့ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာမှာပါ။မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။မော်ရင်ဟိုဟာ အစောပိုင်းက ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့မှု အပြီးမသတ်သေးဘူးလို့ ပြောပေမယ့် နောက်ပိုင်းမှာ ပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့မှုပြုလုပ်လာခဲ့တာပါ။

ဖီနာဘာချီအသင်းတင်ထားတဲ့ ဗီဒီယိုမှာ မော်ရင်ဟိုက “ဖီနာဘာချီအသင်းပရိသတ်တွေရေ ကျနော်တို့မနက်ဖြန် အသင်းအခြေစိုက်တဲ့နေရာမှာ တွေ့ဆုံကြပြီး ကျနော်တို့ ခရီးကို အတူတူစတင်လိုက်ကြတာပေါ့”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂါလာတာစာရေးအသင်းရဲ့နောက် အဆင့် ၂ နေရာမှာရပ်တည်ကာ ရာသီအဆုံးသတ်ခဲ့တာပါ။ဖီနာဘာချီအသင်းဟာ တူရကီစူပါလိဂ်ဖလားကို ၂၀၁၃-၁၄ ရာသီက နောက်ဆုံးရယူနိုင်ခဲ့တဲ့အတွက် မော်ရင်ဟိုဟာ ၁၀ စုနှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်အောင် အသင်းကို ကိုင်တွယ်ပေးရတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol