Uncategorized

ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်ရယူနိုင်ခဲ့တာက ရူးလောက်စရာပဲလို့ဆိုခဲ့တဲ့ တိုနီကရူးစ်

တိုနီကရူးစ်ဟာ ကလပ်ကစားသမားဘဝအဆုံးသတ်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို ကစားသမားဘဝမှာ ၆ ကြိမ်မြောက်ရယူနိုင်ခဲ့တာဟာ ရူးလောက်စရာပဲလို့ ပြောခဲ့ပါတယ်။

တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်နဲ့ ကလပ်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းဖော် ကာဗာဂျဲလ်သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာပါ။တိုနီကရူးစ်ဟာ ကွင်းအတွင်းကနေ လူစားလဲထွက်ခွာချိန်မှာ ပရိသတ်တွေရဲ့မတ်တပ်ရပ်ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒေါ့မွန်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့တာကြောင့် တိုနီကရူးစ်ဟာ မိုဒရစ်၊နာချို၊ကာဗာဂျဲလ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်ရယူနိုင်တဲ့ ရီးရယ်လ်ဂန္ထဝင် ပါကိုဂန်တိုရဲ့စံချိန်နဲ့ တူညီသွားခဲ့တာပါ။တိုနီကရူးစ်ကတော့ ဒီလိုအောင်မြင်မှုကို မယုံကြည်နိုင်လောက်အောင်ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။

တိုနီကရူးစ်က “အံ့သြစရာကောင်းပါတယ်။ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်ရယူနိုင်တာဟာ ရူးသွပ်ဖို့ကောင်းပါတယ်။ဒီလိုအောင်မြင်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”လို့ ဆိုခဲ့တာပါ။

တိုနီကရူးစ်ဟာ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်ကို ဘိုင်ယန်မြူးနစ်အသင်းနဲ့ တစ်ကြိမ်၊ရီးရယ်လ်အသင်းနဲ့ ၅ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol