မန်စီးတီးအသင်းအကယ်ဒမီထွက်ဖိုဒန်ဟာ ဗီလာအသင်းကို မန်စီးတီးအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟက်ထရစ်ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် ဂန္ထဝင်တွေဖြစ်တဲ့ ရော်နယ်ဒို၊လမ်းပတ်၊ဒရော့ဘာတို့ရဲ့ဟက်ထရစ်အရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/inbound901660817833627060-1024x1024.jpg)
ဒီရာသီမှာ ဟက်ထရစ် ၂ ကြိမ်အထိရယူနိုင်ခဲ့တဲ့ ဖိုဒန်ဟာ သူ့ရဲ့ကစားသမားဘဝ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၃ ကြိမ်အထိ ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒါကြောင့် ဖိုဒန်ဟာ ဂန္ထဝင်ကစားသမားတွေရဲ့ဟက်ထရစ်အရေအတွက်နဲ့ တူညီသွားခဲ့တာပါ။
ဖိုဒန်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်ဂိုးတွေကို ယူနိုက်တက်၊ဘရန်ဖိုဒ့်နဲ့ အခု ဗီလာအသင်းနဲ့ပွဲတွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ဖိုဒန်ဟာ လက်ရှိအချိန်မှာ ၂၃ နှစ်သာရှိသေးတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ထပ်ဟက်ထရစ်တွေသွင်းယူနိုင်ဖို့ အလားအလာတွေရှိနေသေးတာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/04/inbound1656828674847853344-819x1024.jpg)
ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ဂိုးအထိသွင်းယူထားပြီး ၁၀ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။