Uncategorized

ဒဏ်ရာသက်သာလို့ ၁ ပွဲပြန်ကစားအပြီးမှာ ၁ လပြန်အနားယူရတော့မယ့် လီဆန်ဒရိုမာတီနက်ဇ်

ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး ၁ လကြာအနားယူရမယ်လို့ အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာကြောင့်ယူနိုက်တက်အသင်းနဲ့ ၇ ပတ်ကြာဝေးကွာခဲ့ပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။ဒါပေမယ့် အာဂျင်တီးနားကစားသမားဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် သူ့အတွက်ကံဆိုးခဲ့တာဖြစ်ပါတယ်။

ရာသီရဲ့အရေးကြီးကာလကို ရောက်ရှိနေတဲ့ အချိန်မှာ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ဒဏ်ရာသတင်းဟာ နည်းပြ အဲရစ်တန်ဟတ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်အသင်းရဲ့နောက်ခံလူဖြစ်တဲ့ လင်ဒီလော့ဖ်ကလည်း ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အနည်းဆုံး ၁ လကြာအနားယူရတော့မှာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဘယ်နောက်ခံလူ ၂ ဦးကို ဒဏ်ရာကြောင့် အနားပေးထားရပြီး နောက်ခံလူတွေရဲ့ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ချယ်လ်ဆီး၊ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol