မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ယူနိုက်တက်ဂန္ထဝင် ရွိုင်ကိန်းရဲ့ဝေဖန်မှုခံခဲ့ရတဲ့ ဟာလန်းကို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောလိုက်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/17022161682937.jpg)
ရွိုင်ကိန်းဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ဟာလန်းရဲ့ကစားပုံဟာ အလွန်ညံ့ဖျင်းပြီး လိဂ်တူးကစားသမားတစ်ဦးရဲ့ကစားပုံနဲ့တူတယ်လို့ ဝေဖန်ခဲ့တာပါ။ဟာလန်းဟာ ဒီပွဲစဉ်မှာ အာဆင်နယ်ကစားသမားတွေရဲ့လူကပ်ကစားခံရမှုကြောင့် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိသလို ဂိုးရမယ့် အပိုင်အခွင့်အရေးကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာက “ကျနော်ကတော့ ဟာလန်းနဲ့ပတ်သက်ပြီး ရွိုင်ကိန်းရဲ့မှတ်ချက်စကားကို လုံးဝသဘောမတူနိုင်ပါဘူး။ဟာလန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ။သူဟာ ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဆုဖလားတွေရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/2_Manchester-City-v-Arsenal-FC-Premier-League.jpg)
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ၅၂ ဂိုးသွင်းပြီး အသင်းကို ပရီးမီးယားလိဂ်၊FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာအသင်းအတွက် ၂၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။