Uncategorized

အက်ဘာနဲ့ ပွဲမှာ အယ်လ်နာဆာအတွက် ဟက်ထရစ်သွင်းခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အက်ဘာအသင်းကို ၈ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အယ်လ်တိုင်အသင်းနဲ့ ပွဲမှာလည်း ဟက်ထရစ်သွင်းခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ အယ်လ်နာဆာအသင်းအတွက် ၂ ပွဲဆက်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။ဒီဟက်ထရစ်ဟာ ရော်နယ်ဒိုရဲ့ကစားသမားဘဝ ၆၅ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၃ ဂိုးထဲက ၂ ဂိုးက ဖရီးကစ်ကနေ သွင်းယူခဲ့တာပါ။ဒါ့အပြင် ရော်နယ်ဒိုဟာ ဂိုးဖန်တီးမှု ၂ ကြိမ်လည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။အယ်လ်နာဆာအသင်းကတော့ ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုကို အနားပေးခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ် ၂၄ ပွဲကစားအပြီးမှာ ၂၉ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol