Uncategorized

မက်ဆီကြောက်နေပြီလို့ အော်ဟစ်ခဲ့ကြတဲ့ မွန်တာရေးပရိသတ်များ

မက္ကဆီကိုကလပ် မွန်တာရေးအသင်းပရိသတ်တွေဟာ အင်တာမိုင်ယာမီအသင်းကို အဝေးကွင်းမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ CONCACAF Champions Cup ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အပြီးမှာ မက်ဆီကြောက်နေပြီလို့ အော်ဟစ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒေးဗစ်ရုဇ် ၂ ဝါ၁နီနဲ့ ထုတ်ပယ်ခံရအပြီးမှာ မွန်တာရေးအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးခဲ့ရတာပါ။မက်ဆီကတော့ ဒဏ်ရာကနေ အပြည့်အဝသက်သာမှုမရှိသေးလို့ ဒီပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကိုတက်ရောက်ကြည့်ရှုပြီး အားပေးခဲ့တာဖြစ်ပါတယ်။

မွန်တာရေးအသင်းပရိသတ်တွေကတော့ ကွင်းအတွင်းမှာရှိနေတဲ့ မက်ဆီကို တိုက်ရိုက်ရည်ရွယ်ပြီး မက်ဆီကြောက်နေပြီလို့ အော်ဟစ်ခဲ့ကြတာပါ။မက်ဆီဟာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ် ၄ ပွဲဆက်တိုက်လွဲခဲ့ပြီး အသင်းကလည်း ဒီ ၄ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တဲ့အထိ ရလဒ်တွေမကောင်းဖြစ်နေပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဧပြီ ၁၁ ရက်မှာ မွန်တာရေးအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲမှာရော မက်ဆီပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol