Uncategorized

တစ်ရာသီလုံးရှုံးပွဲ ၁ ပွဲနဲ့ ပြည်တွင်းဆုဖလား ၂ လုံးပိုင်ဆိုင်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ ပိုကယ်ဖလားဗိုလ်လုပွဲအဖြစ် ကိုင်ဇာစလော့တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လေဗာကူဆင်အသင်းအတွက်ဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ ရှာခါကသွင်းယူခဲ့တာပါ။ပထမပိုင်းပြီးခါနီးမှာ အိုဒီလွန် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် လေဗာကူဆင်အသင်းဟာ ဒုတိယပိုင်းမှာ ၁ ဦးလျော့နဲ့ ကစားခဲ့ပေမယ့် အနိုင်ဂိုးကို ထိန်းပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လေဗာကူဆင်အသင်းဟာ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပိုကယ်ဖလားကို ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ကြားရက်က အတ္တလန်တာအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ဆုဖလား ၃ လုံးရယူပြီး ရာသီအဆုံးမသတ်နိုင်ခဲ့တာဖြစ်ပါတယ်။လေဗာကူဆင်အသင်းဟာ ဒီတစ်ရာသီလုံးမှာ အတ္တလန်တာတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပြီး ဘွန်ဒက်လီဂါနဲ့ ပိုကယ်ဖလားတို့ကို ရယူကာ အောင်မြင်တဲ့ရာသီအဖြစ်အဆုံးသတ်နိုင်ခဲ့တာပါ။

လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက ဆုဖလား ၂ ခုရယူနိုင်ခဲ့တာက ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး အနာဂတ်မှာ ဒါကို အမှတ်ရနေမှာဖြစ်တယ်လို့ ပွဲအပြီးဆုဖလားရယူအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol