Uncategorized

ယူနိုက်တက်ကထုတ်ပယ်ရင်လည်း အခြားအသင်းတွေမှာ ဆုဖလားသွားယူမယ်လို့ဆိုခဲ့တဲ့ တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ကို အသင်းကအလိုမရှိတော့လို့ ထုတ်ပယ်ခဲ့ရင်လည်း အခြားအသင်းတွေမှာ ဆုဖလားသွားယူမယ်လို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းနည်းပြဘ၀ ဒုတိယရာသီမှာ ဒုတိယမြောက်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့ပေမယ့် လာမယ့်ရာသီအသင်းကို ဆက်ပြီးကိုင်တွယ်ဖို့တော့ သေချာမှုမရှိတာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “၂ နှစ်အတွင်း ဆုဖလား ၂ ခုရယူနိုင်ခဲ့သလို ၂ နှစ်အတွင်း ဖလားဗိုလ်လုပွဲ ၃ ကြိမ်တက်နိုင်တာက မဆိုးပါဘူး။သူတို့က ကျနော့်ကို မလိုချင်ဘူးဆိုရင် အခြားနေရာကိုသွားပြီး ဆုဖလားရယူမှာပါ။ကျနော်ဟာ ဒီလိုမျိုးပဲလုပ်နေခဲ့တာပါ”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဒီရာသီအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်နဲ့ လမ်းခွဲဖို့ စဉ်းစားနေပြီး တူချယ်လ်၊မက်ကန်နာ၊ပိုချက်တီနိုအစရှိတဲ့ နည်းပြအချို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol