Uncategorized

ဒီရာသီစီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ လောတာရိုမာတီနက်ဇ်

အင်တာမီလန်အသင်းခေါင်းဆောင် လောတာရိုမာတီနက်ဇ်ဟာ ၂၀၂၃-၂၄ ရာသီ စီးရီးအေပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့( Serie A Most Valuable Player)ဆုကို ရရှိသွားခဲ့ပါတယ်။

Soccer Football – Serie A – Inter Milan v Lazio – San Siro, Milan, Italy – May 19, 2024 Inter Milan’s Lautaro Martinez celebrates with the trophy after winning the Serie A REUTERS/Alessandro Garofalo

အာဂျင်တီးနားအသင်းတိုက်စစ်မှူးဟာ ဒီရာသီ အင်တာမီလန်အသင်း စီးရီးအေဖလားရယူနိုင်ခဲ့ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။လောတာရိုမာတီနက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ၂၄ ဂိုးသွင်းပြီး ၆ ဂိုးသွင်းယူကာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ က ရေဆင်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လောတာရိုမာတီနက်ဇ်ဟာ အင်တာမီလန်အသင်းအတွက် ၂၈၂ ပွဲပါဝင်ကစားထားပြီး ၁၂၉ ဂိုးသွင်းယူကာ စီးရီးအေဖလားနဲ့ ကိုပါအီတလီယာဖလား ၂ ကြိမ်စီရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၃-၂၄ ရာသီ စီးရီးအေရဲ့အကောင်းဆုံးဆုတွေဖြစ်တဲ့ အကောင်းဆုံးနည်းပြဆုကို အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီကရရှိသွားခဲ့တာပါ။လောတာရိုမာတီနက်ဇ်ရဲ့အင်တာမီလန်အသင်းဖော်တွေဖြစ်တဲ့ ချာဟာနိုဂလူးက အကောင်းဆုံးကွင်းလယ်ကစားသမားဆုနဲ့ နောက်ခံလူ ဘတ်စတိုနီက အကောင်းဆုံးနောက်တန်းကစားသမားဆုတို့ကို ရရှိသွားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol