ဂျီရိုနာအသင်းရဲ့ယူကရိန်းတိုက်စစ်မှူး ဒေါ့ဗ်ဘိခ်ကတော့ ဂျီရိုနာအသင်းက ဂရန်နာဒါအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ လာလီဂါနောက်ဆုံးပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/2012d7af66132e3baffe93bf9564c84cb54322df.jpg)
ပြီးခဲ့တဲ့နွေရာသီက နီပရိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒေ့ါဗ်ဘိခ်ဟာ ဒီရာသီမှာ ဂျီရိုနာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး အသင်းကို လာလီဂါအမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်ကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့တာပါ။ဒေါ့ဗ်ဘိခ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒီပွဲက ဟက်ထရစ်ဂိုးကြောင့် ၂၄ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒေါ့ဗ်ဘိခ်ဟာ လာလီဂါဂိုးသွင်းအများဆုံးဆုဖြစ်တဲ့ ပီချီချီဆုကို ရယူနိုင်ဖို့ ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေတာပါ။ဒုတိယနေရာမှာတော့ ဗီလာရီးရယ်လ်အသင်းတိုက်စစ်မှူး ဆိုလော့က ၂၃ ဂိုးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ဒါပေမယ့် ဗီလာရီးရယ်လ်အသင်းဟာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်ကစားဖို့ ရှိနေတဲ့အတွက် ဆိုလော့ဟာ သွင်းဂိုးတွေရယူပြီး ပီချီချီဆုရယူနိုင်မယ့် အခွင့်အရေးရှိနေသေးတာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/05/a1773c92-ad10-4d8a-b8b2-a969ee648299.jpeg)
အဲ့ဒါကြောင့် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းကစားသမားမဟုတ်တဲ့ ပီချီချီဆုကို သူတို့ ၂ ဦးထဲက ဘယ်သူရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။