ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာသူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အဆုံးသတ်တော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/Kroos-1024x753.webp)
တိုနီကရူးစ်နဲ့ ရီးရယ်လ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာပါ။ရီးရယ်လ်အသင်းဟာ လာမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ တိုနီကရူးစ်ရဲ့အနာဂတ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရှိနေပေမယ့် ဂျာမနီကစားသမားဟာ ကစားသမားဘဝက အနားယူကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။တိုနီကရူးစ်ကတော့ ရီးရယ်လ်မှာ ကစားသမားဘဝကို အဆုံးသတ်ချင်တဲ့အတိုင်းလုပ်နိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။
တိုနီကရူးစ်က “ကျနော် ဒီမှာအနားယူချင်တယ်လို့အမြဲပြောခဲ့ပြီး တကယ်ဖြစ်လာခဲ့ပါပြီ။ရီးရယ်လ်က ထွက်အပြီးမှာ ကျနော်ဘယ်အသင်းဆီမှာမှ သွားပြီးမကစားချင်ပါဘူး။ကျနော်ဟာ နောက်ထပ်နှစ်အနည်းငယ်ကြာကစားလို့ရပေမယ့် အရန်ခုံမှာမနေချင်ပါဘူး။ပျော်ပျော်ရွှင်ရွှင်ပဲ သွားချင်ပါတယ်။ဒီမှာ ၁၀ နှစ်ကြာခဲ့ပြီး ဒါက ထူးခြားပါတယ်။ပရိသတ်တွေကို ကျနော်ချစ်ပြီး ရီးရယ်လ်က ကျနော့်ဘဝကို ပြောင်းလဲစေခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/05/AFP__20240512__34RG2LL__v1__HighRes__FblEspLigaRealMadridTrophy-og_image.webp)
ရီးရယ်လ်အသင်းမှာ ဆုဖလားပေါင်း ၂၂ ခုအထိရယူနိုင်ခဲ့တဲ့ တိုနီကရူးစ်အတွက်တော့ ဇွန် ၁ ရက်မှာကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ သူ့ရဲ့ရီးရယ်လ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။