နေမာဟာ အယ်လ်ဟီလယ်အသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းကစားသမားပထမဆုံးပွဲစဉ်အဖြစ် လူစားလဲပြီးဝင်ရောက်ကစားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာပြီးကတည်းက အယ်လ်ဟီလယ်အတွက် ပွဲဦးထွက်ပါဝင်ဖို့ စောင့်ဆိုင်းနေခဲ့ရတဲ့ နေမာဟာ လူစားဝင်အဖြစ် ပါဝင်ပြီးအချိန်မှာလည်း ဆော်ဒီကလပ်ဂိုးတွေအများအပြားရယူနိုင်ဖိုအတွက် နေရာလွတ်တွေဖန်တီးပေးပြီး မယ်လ်ကွန်သွင်းတဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် ပင်နယ်တီအခွင့်အရေးကို အယ်လ်ဟီလယ်အသင်းရရှိခဲ့ပေမယ့် အယ်လ်ဒေါစာရီက ကန်သွင်းသွားခဲ့တာကြောင့် ပွဲဦးထွက်မှာ သွင်းဂိုးမရရှိခဲ့တာပါ။ဒါပေမယ့် နေမာကတော့ ပွဲဦးထွက်မှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပွဲအပြီးမှာပြောသွားခဲ့ပါတယ်။
https://x.com/vartatico/status/1702771858104353219?s=20
အယ်လ်ဟီလယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ် ၆ ပွဲကစားအပြီးမှာ ဒုတိယနေရာက အယ်လ်အစ်တီဟတ်အသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာပါ။အယ်လ်ဟီလယ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ အာရှချန်ပီယံလိဂ်ကစားရဖို့ ရှိနေပြီး ဒီပွဲမှာလည်း ရလဒ်ကောင်းတွေရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။