Uncategorized

အာဆင်နယ်ကို အနိုင်ရချင်ရင် သူတို့နဲ့ ကစားသလိုမကစားဖို့ ယူနိုက်တက်ကို ကလောပ့်သတိပေး

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ သူတို့နဲ့ ကစားသလိုကစားရင် အရှုံးပေးရနိုင်တာကြောင့် ဒီလိုမျိုးကစားဖို့ သတိပေးသွားခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က “ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲမှာ ယူနိုက်တက်ကို အားပေးမလားဆိုရင်ဖြစ်နိုင်ပါတယ်။ကျနော်တို့ အမှတ်ပေးဇယားထိပ်ပိုင်းရှိနေရင် အလွန်ကောင်းပါလိမ့်မယ်။ဒါပေမယ့် အာဆင်နယ်က ဘောလုံးကစားတာ ကောင်းတဲ့အသင်းပါ။ယူနိုက်တက်အနေနဲ့ ဒီပွဲလိုကစားရင် အာဆင်နယ်အနိုင်ရဖို့သေချာပါတယ်။၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ဒီလိုပြောရလို့စိတ်မကောင်းဘူး”လို့ ဆိုခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၅၃ ကြိမ်အထိရှိခဲ့ပေမယ့် နိုင်ပွဲရယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တာကြောင့် အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

ဒီရာသီမှာ ဆုဖလား ၁ လုံးရယူခဲ့ပြီးပြီဖြစ်လို့ နောက်ထပ်ဆုဖလား ၂ လုံးရယူနိုင်ဖို့ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်အသင်းဟာ ကြားရက်မှာ အတ္တလန်တာအသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol