Uncategorized

ဆော်ဒီစူပါဖလားပွဲစဉ်မှာ သူ့ကိုအနီကတ်ပြခဲ့တဲ့ဒိုင်ကို လက်သီးနဲ့ရွယ်ခဲ့တဲ့ ရော်နယ်ဒို

အယ်လ်နာဆာအသင်းက အယ်လ်ဟီလယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရော်နယ်ဒိုဟာ စိတ်ထိန်းချုပ်နိုင်မှုမရှိတော့ဘဲ သူ့ကိုအနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်ကို လက်သီးနဲ့ ရွယ်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်း ၂ ဂိုး- ဂိုးမရှိနဲ့ အယ်လ်ဟီလယ်အသင်းကို အရေးနိမ့်နေချိန် ပွဲချိန် ၈၆ မိနစ်မှာ ကွင်းဘေးစည်းထွက်သွားတဲ့ ဘောလုံးကို အယ်လ်ဟီလယ်ကစားသမားနဲ့ အပြိုင်လုရင်း ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ တွတ်ခဲ့တာပါ။ဒီအဖြစ်အပျက်ကြောင့် နှစ်ဖက်ကစားသမားတွေ ပါဝင်လာခဲ့ရာမှာ ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ကို အနီကတ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို လက်သီးနဲ့ထိုးဖို့ ရည်ရွယ်ပြီး ရွယ်ခဲ့ပေမယ့် သူ့ရဲ့လက်ကိုချက်ချင်းပြန်ချသွားခဲ့တာပါ။ရော်နယ်ဒိုဟာ ကွင်းထဲက ထွက်ခွာသွားချိန်မှာလည်း ဒိုင်လူကြီးရဲ့အနီကတ်ပြမှုကို ပရိသတ်တွေအားလုံးမြင်တဲ့ပုံစံနဲ့ လက်ခုပ်တီးပြီး ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်း ဆော်ဒီစူပါဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖို့ သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol