Uncategorized

တူချယ်လ်ကို ထုတ်ပယ်မှာမဟုတ်ဘဲ အာဆင်နယ်နဲ့ပွဲကို ကိုင်တွယ်ခိုင်းဦးမယ့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဟိုင်ဒန်ဟိန်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့အားကစားဒါရိုက်တာကတော့ နည်းပြ တူချယ်လ်ကို ထုတ်ပယ်သွားမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟိုင်ဒန်ဟိုင်းအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက လေဗာကူဆင်အသင်းနဲ့ ၁၆ မှတ်ကွာဟသွားခဲ့ပြီး စတုဂတ်အသင်းနဲ့လည်း ရမှတ်တူညီသွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာကတော့ တူချယ်လ်ဟာ အာဆင်နယ်အသင်းနဲ့ပွဲကို ၁၀၀ ရာခိုင်နှုန်း ကိုင်တွယ်မယ်လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟိုင်ဒန်ဟိန်းအသင်းနဲ့ပွဲစဉ်အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ် ၂ ပွဲစလုံးရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာကတော့ ဟိုင်ဒန်ဟိန်းအသင်းနဲ့ပွဲအပြီးမှာ အသင်းကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရင် ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်ဆုဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol