Uncategorized

လီဗာပူးလ်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ခံစားချက်တွေရောထွေးနေတယ်လို့ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူဟာ ခံစားချက်တွေရောထွေးနေတယ်လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်ရဲ့ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်မှမရှိခဲ့ဘဲ လီဗာပူးလ်အသင်းရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးဆက်တိုက်ပြန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ။ဒါပေမယ့် ပွဲပြီးကာနီးမှာ ဆာလက်က ပင်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့လို့ လီဗာပူးလ်အသင်းနဲ့ အမှတ်ခွဲယူခဲ့ရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံး ၃ ပွဲဆက်တိုက်ရမှတ်တွေလျော့ခဲ့တာပါ။

အဲရစ်တန်ဟတ်က”ခံစားချက်တွေ အလွန်ရောထွေးနေပါတယ်။တစ်ပတ်အတွင်းမှာ အနိုင်ရတာကနေ ရမှတ် ၇ မှတ်ဆုံးရှုံးသွားလို့ စိတ်ပျက်မိပါတယ်။ဒါပေမယ့် အမှားတွေကြောင့် ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမှာပါ။အခြားတစ်ဖက်ကို ပြန်ကြည့်ရင် ဂုဏ်ယူရပြန်ပါတယ်။ကျနော်တို့ တိုးတက်နေတာကို မြင်တွေ့ရပြီး ဒီအသင်းရဲ့အလားအလာက အံ့မခန်းပါပဲ။ဒါကို ကျနော်ဂုဏ်ယူတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အဆင့် ၆ နေရာမှာရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁၁ မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol