Uncategorized

နှစ်ပေါင်း ၄၀ ကြာအဓိကဆုဖလားစောင့်ဆိုင်းရမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဘီလ်ဘာအို

ဘီလ်ဘာအိုအသင်းဟာ စပိန်ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲမှာ မာယော့ကာအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး နှစ်ပေါင်း ၄၀ ကြာအဓိကဆုဖလားစောင့်ဆိုင်းရမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ ဘီလ်ဘာအိုနဲ့ မာယော့ကာအသင်းတို့ဟာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ပင်နယ်တီမှာ ဘီလ်ဘာအိုအသင်းက မာယော့ကာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့အနိုင်ရပြီး ကိုပါဒယ်ရေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘီလ်ဘာအိုအသင်းဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားအဖြစ် ကိုပါဒယ်ရေးဖလားကို ၂၄ ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။ဘီလ်ဘာအိုအသင်းဟာ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်စလုံးအရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဘီလ်ဘာအိုအသင်းဟာ ကိုပါဒယ်ရေးသမိုင်းမှာ ဘာစီလိုနာအသင်းပြီးရင် ဒုတိယမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။

Soccer Football – Copa del Rey – Final – Athletic Bilbao v RCD Mallorca – Estadio de La Cartuja, Seville, Spain – April 7, 2024 The front of the stand collapses as Athletic Bilbao fans celebrate winning the Copa del Rey REUTERS/Marcelo Del Pozo

ဘီလ်ဘာအိုအသင်းဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ အဆင့် ၅ နေရာရပ်တည်နေပြီး အဆင့် ၄ နေရာက အသလက်တီကိုအသင်းနဲ့ ၂ မှတ်သာကွာဟတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol