Uncategorized

အယ်လ်အစ်တီဟတ်မှာ ဂိုးပေါက်ပျောက်နေခဲ့တဲ့အကြောင်းကို ပြောလာခဲ့တဲ့ ဘန်ဇီမာ

ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘန်ဇီမာဟာ ဆော်ဒီလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ဒီဇင်ဘာလကတည်းက အခုအချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ ဆော်ဒီကလပ်နဲ့ အဆင်မပြေမှုတွေရှိခဲ့လို့ ပြီးခဲ့တဲ့ ဇန်နဝါရီက အယ်လ်အစ်တီဟတ်အသင်းကနေ ထွက်ခွာပြီး ဥရောပကလပ်တွေထံ ပြန်လာချင်တယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။ဒါပေမယ့်လည်း ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ဆက်လက်ရှိနေခဲ့ပြီး ဂိုးပေါက်ရှာဖွေနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဘန်ဇီမာက”ကျနော်ဟာ ရီးရယ်လ်က ဘန်ဇီမာနဲ့ မတူပါဘူး ဘာကြောင့်လဲဆိုရင် အသင်းလည်းမတူ၊ပွဲတွေလည်း မတူသလို ကစားသမားတွေလည်း မတူပါဘူး။ကျနော်ကွင်းထဲမှာ အကူအညီလိုအပ်ပါတယ်။အများကြီးကိုလိုအပ်တာပါ။ကျနော်တစ်ဦးတည်းနဲ့ ပွဲတွေကို အနိုင်ရအောင် မလုပ်နိုင်ဘူး”လို့ဆိုခဲ့ပါတယ်။

JEDDAH, SAUDI ARABIA – FEBRUARY 26: Karim Benzema of Al Ittihad looks on during the Saudi Pro League match between Al-Ittihad and Al Wehda at King Abdullah Sport City Stadium on February 26, 2024 in Jeddah, Saudi Arabia. (Photo by Yasser Bakhsh/Getty Images)

အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားအပြီးမှာ ၁၅ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol