လီဗာပူးလ်အသင်းနည်းပြ ကလောပ့် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီကို အသင်းအနေနဲ့ ခေါ်ယူနိုင်မယ့် အခြေအနေမှာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2023/08/sport-preview-klopp-and-mbappe-1024x683.webp)
အခုအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘတ်ပီကို လီဗာပူးလ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘဲ ရာသီအကုန်မှာ အလွတ်နဲ့ ထွက်မယ်လို့ ပြောထားတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အခုအပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေပြီး ရောင်းချလို့မရခဲ့ရင်တောင် အငှားကြေးရဖို့အတွက် အငှားချဖို့ လုပ်ဆောင်နေခဲ့တာပါ။ဒီအချိန်မှာ လီဗာပူးလ်နဲ့ ဘတ်ပီတို့ရဲ့သတင်းတွေဟာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2023/08/16878265306599-1024x683.jpg)
ဒါပေမယ့် ကလော့ပ်ကတော့ ဘတ်ပီကို သူတို့ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ကလောပ့်က “ဘတ်ပီနဲ့ လီဗာပူးလ်သတင်းတွေအပေါ် ကျွန်တော်တို့ ရယ်မောမိပါတယ်။သူက တကယ်ကိုကောင်းမွန်တဲ့ ကစားသမားလို့ ကျွန်တော်ပြောနိုင်ပါတယ်”
![](https://www.ballpwel.com/wp-content/uploads/2023/08/Liverpool-manager-Jurgen-Klopp-issues-instructions-to-his-players-1024x576.jpg)
“ဒါပေမယ့် ဘဏ္ဍာရေးအခြေအနေအရ ကျွန်တော်တို့နဲ့ ကိုက်ညီမှုမရှိပါဘူး။ဒါက ကလပ်မှာရှိတဲ့ တစ်ဦးဦးက တစ်ခုခုပြင်ဆင်ပြီး ကျွန်တော့်ကို အံ့အားသင့်အောင်လုပ်ချင်တာက ၈ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်မှာပါ”လို့ ဆိုခဲ့ပါတယ်။