Uncategorized1

ဘန်ဇီမာနဲ့ နူနိုဆန်တိုတို့အကြား တင်းမာမှုတွေဖြစ်နေတယ်လို့ ဆော်ဒီသတင်းစာဖော်ထုတ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းနည်းပြ နူနိုဆန်တိုနဲ့ တိုက်စစ်မှူးဘန်ဇီမာတို့ အကြာမှာ ဆက်ဆံရေးတင်းမာမှုတွေဖြစ်နေတယ်လို့ ဆော်ဒီသတင်းစာတစ်စောင်က ဖော်ထုတ်လိုက်ပါတယ်။

နူနိုဆန်တိုဟာ ဘန်ဇီမာကို ခေါ်ယူဖို့ အသင်းထံတောင်းဆိုခဲ့ခြင်းမရှိသလို ရီးရယ်လ်ဂန္ထဝင်ကစားသမားဟာ သူ့ရဲ့နည်းဗျူဟာနဲ့ ကိုက်ညီမှုမရှိဘူးလို့ အသင်းဘုတ်အဖွဲ့ထံအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းမှာ အသင်းခေါင်းဆောင်ရာထူးရယူဖို့ တောင်းဆိုထားတာကိုလည်း နည်းပြ နူနိုဆန်တိုက ငြင်းဆန်ခဲ့တယ်လို့လည်း ဆော်ဒီသတင်းစာက ဖော်ပြထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ သူတို့နှစ်ဦးဟာ အဝတ်လဲခန်းထဲမှာ တင်းမာမှုတွေဖြစ်နေတာပါ။

ဘန်ဇီမာကလည်း ဆော်ဒီကလပ်မှာ အဆင်မပြေသလို ခံစားနေရတာကြောင့် အံ့အားသင့်ဖွယ်ပြန်လည်ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ဘန်ဇီမာဟာ ဆော်ဒီလိဂ် ၂ ပွဲကစားအပြီးမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေမယ့် ဂိုးဖန်တီးမှုတော့ ပြုလုပ်ထားပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အယ်လ်အစ်တီဟတ်အသင်းကို ရီးရယ်လ်အသင်းကနေ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized1

Online on line casino for real money around australia 2023

Online on line casino for real money around australia 2023 Australians will find it especially difficult to get into the
Uncategorized1

BIZZO On line casino – Game playing CLUB Australia Wide

BIZZO On line casino – Game playing CLUB Australia Wide Bizzo Casino is a preferred casino foundation with successful campaigns