Copa America

ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ရဲ့ဂိုးဖန်တီးမှုတွေနဲ့ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၂၄ ပွဲအထိရှိလာပြီဖြစ်တဲ့ ကိုလံဘီယာ

ကိုလံဘီယာအသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ ကိုပါအမေရိကဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပြိုင်ပွဲစုံရှုံးပွဲမရှိတာ ၂၄ ပွဲအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။

Jun 24, 2024; Houston, TX, USA; Colombia full-back Daniel Munoz (21) is congratulated by midfielder James Rodriguez (10) after scoring a goal during the first half against Paraguay at NRG Stadium. Mandatory Credit: Maria Lysaker-USA TODAY Sports

ဒီပွဲမှာ ကိုလံဘီယာအသင်းအတွက်ဂိုးတွေကို ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ မူနော့ဇ်နဲ့ လာမာတို့က သွင်းယူခဲ့ပြီး ၂ ဂိုးစလုံးကို ဂျိမ်းစ်ရိုဒရီဂွတ်ဇ်က ဖန်တီးပေးခဲ့တာပါ။ကိုလံဘီယာအသင်းဟာ ၂၀၂၂ မတ်လကတည်းက ရှုံးပွဲမရှိတာဖြစ်ပြီး ဒီ ၂၄ ပွဲမှာ ၁၉ ပွဲအနိုင်ရရှိကာ ၅ ပွဲသရေကျခဲ့ပြီး နောက်ဆုံး ၉ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာအသင်း နောက်ဆုံးရှုံးပွဲကြုံတွေ့ခဲ့တာက ၂၀၂၂ ဖေဖော်ဝါရီက အာဂျင်တီးနားအသင်းနဲ့ပွဲဖြစ်ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ကိုလံဘီယာအသင်းခေါင်းဆောင် ရိုဒရီဂွတ်ဇ်က ပါရာဂွေးလို ခက်ခဲတဲ့အသင်းကို နိုင်ပွဲရယူနိုင်ခဲ့တာက သူတို့အတွက် အလွန်အရေးပါပြီး ပျော်ရွှင်တယ်လို့ ဆိုခဲ့ပါတယ်။

ကိုလံဘီယာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ ဂိုးမရှိသရေကစားနိုင်ခဲ့တဲ့ ကော်စတာရီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့