Copa America

ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာကို ဗိုလ်လုပွဲပို့ပြီး ထူးရှယ်ခြေစွမ်းပြသနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

အသက် ၃၂ နှစ်အရွယ်ရှိ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်း ကိုပါအမေရိကဖလား ဗိုလ်လုပွဲတက်ရောက်ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ပြီး ထူးရှယ်ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ပေါ်တို၊မိုနာကို၊ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကျင်းနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၆ ဂိုးအထိ ပြုလုပ်ထားတာဖြစ်ပါတယ်။ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်းက ဥရုဂွေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့သေးတာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ၅ ပွဲစလုံးပါဝင်ကစားပြီး ၁ ဂိုးသွင်းယူထားပါတယ်။ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာအသင်းအတွက် ပွဲစဉ်တိုင်းလိုလိုခြေစွမ်းပြသနေတာကြောင့် ဒီပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိ ရရှိထားတာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်အနေနဲ့ ကိုလံဘီယာအသင်းကို ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်ဆိုရင် ချန်ပီယံဆုကို ရရှိမှာဖြစ်သလို ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ရရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့