Copa America

အာဂျင်တီးနားအတွက် နောက်ဆုံးတိုက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်မယ်လို့ ဆိုခဲ့တဲ့ မက်ဆီ

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားအတွက် သူ့ရဲ့နောက်ဆုံးတိုက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်မယ်လို့ဆိုခဲ့ပါတယ်။

မက်ဆီဟာ ကနေဒါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် ၁ ဂိုးသွင်းပြီး ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။ဒီကိုပါအမေရိကဖလားဟာ မက်ဆီအတွက် နောက်ဆုံးကိုပါအမေရိကဖလားပြိုင်ပွဲဖြစ်နိုင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ဆက်ပြီးပါဝင်ကစားမလားဆိုတာ ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

မက်ဆီက “ဒါတွေက ကျနော့်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပြီး အမြင့်ဆုံးအထိ ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်သွားမှာပါ။ချန်ပီယံဖြစ်ဖို့နဲ့ နောက်ထပ်တစ်ကြိမ်ဗိုလ်လုပွဲတက်ဖို့က မလွယ်ကူပါဘူး။ဒီလိုမျိုးထပ်ပြီးတက်ရောက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်စရာပါပဲ”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလား၊၂၀၂၂ ကမ္ဘာ့ဖလားရယူပေးခဲ့ပြီးဖြစ်လို့ ၂၀၂၄ ကိုပါအမေရိကဖလားချန်ပီယံဆုပါရယူပြီး အဓိကပြိုင်ပွဲ ၃ ခုဆက်တိုက် ချန်ပီယံဆုရယူနိုင်ဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့