Copa America

ကိုပါအမေရိကဖလားက ဘရာဇီးလ်ထွက်ခွာရပြီးနောက် ပရိသတ်တွေကိုတောင်းပန်ခဲ့တဲ့ ဗီနီစီးယက်စ်

ဥရုဂွေးအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ကိုပါအမေရိကဖလားကနေ ဘရာဇီးလ်အသင်း ထွက်ခွာရပြီးနောက် ဗီနီစီးယက်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ဥရုဂွေးအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဗီနီစီးယက်စ်ဟာ ပွဲပယ်ကြောင့် ဘရာဇီးလ်အသင်းအတွက် မပါဝင်နိုင်ခဲ့တာပါ။ပါရာဂွေးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အုပ်စုပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အုပ်စုပွဲစဉ်တွေမှာ ပြသခံခဲ့ရတဲ့ အဝါကတ် ၂ ကတ်ကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဗီနီစီးယက်စ်ကတော့ ဘရာဇီးလ်အသင်းကိုပါအမေရိကဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ပရိသတ်တွေကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ တောင်းပန်ခဲ့တာပါ။ ဗီနီစီးယက်စ်က “ကျနော်ဟာ အဝါကတ် ၂ ကတ်ရရှိခဲ့ပြီး အသင်းပြိုင်ပွဲက ထွက်ခွာတာကို အပြင်ကကြည့်ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့အပြစ်တွေပါ။အဲ့ဒါကြောင့် ကျနော်တောင်းပန်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဗီနီစီးယက်စ်ဟာ ဘရာဇီးလ်အသင်းပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် အနားယူကာ မကြာခင်ရက်ပိုင်းအတွင်းမှာ ရာသီကြိုလေ့ကျင့်မှုတွေ စတင်မယ့် ရီးရယ်လ်အသင်းနဲ့ ပူးပေါင်းရမှာပါ။ရီးရယ်လ်အသင်းဟာ ဇူလိုင် ၃၁ ရက် အမေရိကန်မှာ အေစီမီလန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနောက်မှာ ဘာစီလိုနာ၊ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့