Copa America

ဥရုဂွေးနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မယ့် ဗီနီစီးယက်စ်

ဘရာဇီးလ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ဥရုဂွေးအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ပွဲပယ်ကြောင့် လွဲချော်တော့မှာဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ ဒီမနက်ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ပွဲစဉ်မှာ အဝါကတ်ထိခဲ့ပါတယ်။ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ ပွဲစဉ်မှာလည်း အဝါကတ်ပြသခြင်းခံခဲ့ရတာပါ။

ဗီနီစီးယက်စ်ဟာ အုပ်စုတွင်းပွဲစဉ် ၂ ပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်‌တွေကြောင့် ပွဲပယ်ခံခဲ့ရပြီး ဥရုဂွေးအသင်းနဲ့ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဥ်ကို လွဲချော်ပြီဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ မာတင်နယ်လီကိုပွဲထွက်လာနိုင်တာပါ။

ဥရုဂွေးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံတွေပြသနေတာကြောင့် ဗီနီစီးယက်စ်မပါဝင်နိုင်တဲ့ ဘရာဇီးလ်အသင်းအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Copa America

ကိုပါအမေရိကအပြီးသတ်လူစာရင်းမှာ ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့တဲ့ စကာလိုနီ

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် နိုင်ငံအသင်းရဲ့အပြီးသတ်လူစာရင်းမှာ ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဂါနာချိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အာဂျင်တီးနားအသင်းရဲ့ပဏာမလူစာရင်းမှာ ပါဝင်နေတာပါ။ဒါပေမယ့် ဂါနာချိုဟာ ပြီးခဲ့တဲ့ အီကွေဒေါ၊ဂွာတီမာလာအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက်ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် နည်းပြ စကာလိုနီက ဂါနာချိုကို
Copa America

ဘရာဇီးလ်ကို ဝေဖန်ခဲ့တာက ကြောငြာအစိတ်အပိုင်းဖြစ်ပြီး မိမိစကားမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထ၀င် ရော်နယ်ဒင်ဟိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းကို သူ့ရဲ့​ဝေဖန်မှုတွေဟာ ကြောငြာအစိတ်အပိုင်းသာဖြစ်ပြီး သူ့ရဲ့စကားမဟုတ်ဘူးလို့ အင်စတာဂရမ်မှာ ပြန်ပြီးရေးသားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုက ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အညံ့ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းရဲ့ကိုပါအမေရိကပွဲစဉ်တွေကို ကြည့်မှာမဟုတ်သလို အသင်းအနိုင်ရရင်လည်း အောင်ပွဲခံမှာမဟုတ်ဘူးလို့ အစောပိုင်းက ပြောခဲ့တာပါ။နောက်ပိုင်းမှာတော့