ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ အသင်းက ထွက်ခွာဖို့ သေချာသလောက်ရှိပေမယ့် နည်းပြ လူးဝစ်အင်းနရစ်က ကစားသမားစိတ်ပြောင်းပြီး အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/20240216_Kylian_Mbappe_Luis_Enrique-1024x576.jpg)
ဘာပေဟာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာမှာကို အသင်းတာဝန်ရှိသူတွေရော အသင်းဖော်တွေအားလုံးကို အသိပေးခဲ့ပြီးဖြစ်ပေမယ့် အခုထိတော့ တရားဝင်ကြေညာခြင်းမရှိသေးတာပါ။ဘတ်ပီကတော့ သူ့ရဲ့အနာဂတ်ကို လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင်မှာ ကြေညာသွားမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော်ကတော့ ဘတ်ပီစိတ်ပြောင်းမယ်လို့ အမြဲတမ်းမျှော်လင့်နေခဲ့တာပါ။သူက လက်ရှိအချိန်မှာ ဘာမှမပြောသေးတာကြောင့် စိတ်ပြောင်းသွားနိုင်ပါတယ်။ကျနော်တို့သာ ဒီရာသီမှာဆုဖလား ၄ လုံးရယူနိုင်ခဲ့မယ်ဆိုရင် ဘတ်ပီအနေနဲ့ ပီအက်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်နိုင်ပါတယ်။ဘာကြောင့်မဖြစ်နိုင်ရမှာလဲ၊ကြည့်ကြတာပေါ့”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/i-1-1024x576.jpg)
ဘတ်ပီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေရယူဖို့ အာရုံစိုက်နေပြီး ချန်ပီယံလိဂ်ဖလားကို ရယူချင်နေတာလည်း ဖြစ်ပါတယ်။