Uncategorized

အယ်လ်တိုင်နဲ့ပွဲမှာ ကစားသမားဘ၀ ၆၄ ကြိမ်မြောက်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ရော်နယ်ဒိုအတွက် ဒီဟက်ထရစ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ၆၄ ကြိမ်မြောက်သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်လည်း ဖြစ်ခဲ့တာပါ။ဒီဟက်ထရစ်ကြောင့် ရော်နယ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားထားတဲ့ ဆော်ဒီပရိုလိဂ် ၂၃ ပွဲမှာ ၂၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဒုတိယနေရာက အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး မီထရိုဗစ်ကို ၄ ဂိုးအသာရပြီးဦးဆောင်ထားတာပါ။ဒါ့အပြင် ရော်နယ်ဒိုဟာ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားတာကြောင့် ဂိုးဖန်တီးမှုမှာထိပ်ဆုံးနေရာက မာရက်ဇ်နဲ့ ၁ ဂိုးအကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေတာပါ။အယ်လ်နာဆာအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဧပြီ ၂ ရက်မှာ အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol