ဘရန်ဖိုဒ့်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်က ယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ သူတို့ဟာ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် အနိုင်မရခဲ့တဲ့အတွက် မယုံနိုင်ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/cropped_GettyImages-2118351606-1024x576.jpg)
ဘရန်ဖိုဒ့်အသင်းဟာ ဒီပွဲမှာ ယူနိုက်တက်အသင်းရဲ့ဂိုးပေါက်ကို ပွဲအစကနေ အဆုံးထိ တရစပ်ကန်သွင်းခဲ့ပြီး ယူနိုက်တက်အသင်းဂိုးသမား အိုနာနာလက်စွမ်းပြကာကွယ်တာနဲ့ ဘရန်ဖိုဒ့်အသင်းဘက်က အိုင်ဗန်တိုနေး၊ဝီဆာနဲ့ အမ်ဘူမိုတို့ အဆုံးသတ်ပိုင်းမကောင်းခဲ့တာကြောင့် ဂိုးအများအပြားမရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘရန်ဖိုဒ့်အသင်းဟာ ဒီပွဲမှာ ယူနိုက်တက်အသင်းကို ဖိအားပေးကစားခဲ့ပေမယ့် ဦးဆောင်ဂိုးက ယူနိုက်တက်က ရရှိခဲ့ပြီး ၉၆ မိနစ်မှာ မေဆန်မောင့်က သွင်းယူခဲ့တာပါ။ဒါပေမယ့် ၉၉ မိနစ်မှာ အေဂျာက ချေပဂိုးပြန်သွင်းခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/shoots-scores-team-first-goal-890666378-1024x683.webp)
သောမက်စ်ဖရန့်ခ်က “ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ဂိုးကန်သွင်းမှုအများဆုံးပြုလုပ်နိုင်ခဲ့တာပါ။ကျွန်တော်တို့ အနိုင်မရခဲ့တာကတော့ မယုံနိုင်စရာကောင်းပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဘရန်ဖိုဒ့်အသင်းဟာ ဒီပွဲသရေကြောင့် တန်းဆင်းဇုန်အထက်က လူတန်အသင်းနဲ့ ၅ မှတ်အကွာအဆင့် ၁၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။