Uncategorized

ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် လေဗာကူဆင်ကို ဂုဏ်ပြုခဲ့တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာ ဒေါ့မွန်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ တူချယ်လ်က ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် လေဗာကူဆင်အသင်းကို ဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၁ နေရာက လေဗာကူဆင်အသင်းနဲ့ ၁၃ မှတ်အထိကွာဟသွားပြီဖြစ်တာပါ။လေဗာကူဆင်အသင်းကတော့ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့ ၇ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ ၃ ပွဲသာအနိုင်ရတာနဲ့ ဘွန်ဒစ်လီဂါအမှတ်ပေးဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။

တူချယ်လ်က “ချန်ပီယံဆုအတွက် ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ဒီပွဲပြီးရင် အမှတ်တွေထပ်ပြီးရေတွက်နေဖို့ မလိုတော့ပါဘူး။အခုတောင် ဘယ်လောက်ကွာနေပြီလဲ။လေဗာကူဆင်ကို ဂုဏ်ပြုတယ်”လို့ ဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းကတော့ ဒီရာသီပြိုင်ပွဲစုံ ၃၉ ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့ အကောင်းဆုံးရှေ့ဆက်နေပြီး ဘွန်ဒစ်လီဂါဖလားအပါအဝင် ပြိုင်ပွဲ ၃ ခုစလုံးမှာ ချန်ပီယံဆုရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol