Uncategorized

အချက်အလက်တွေအရ ချယ်လ်ဆီး အဆင့် ၄ နေရာမှာရပ်တည်သင့်တယ်လို့ ဆိုခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အချက်အလက်တွေအားလုံးအရ သူတို့ဟာ ပရီးမီးယားလိဂ်အဆင့် ၄ နေရာမှာရပ်တည်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး အဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၇ မှတ်ကွာဟနေတာဖြစ်ပါတယ်။Opta ရဲ့အချက်အလက်တွေမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းချက်မှာ အဆင့် ၁၃၊ ဂိုးပေါက်တည့်မှုမှာ အဆင့် ၉၊ ဘောလုံးပေးပို့မှုမှာ အဆင့် ၆၊ expected goals မှာ အဆင့် ၆၊ ကြီးမားတဲ့ အခွင့်အရေးရရှိမှုမှာ အဆင့် ၆၊ ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိချက်မှာ အဆင့် ၁၀ နေရာရပ်တည်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ အဓိက ကစားသမားအများအပြားကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် ရလဒ်တွေဆိုးနေခဲ့ပေမယ့် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ခဲ့ပြီး အချိန်ပိုမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် FA ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ပိုချက်တီနိုက “အချက်အားလုံးကို ကြည့်မယ်ဆိုရင် ကျနော်တို့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာရပ်တည်သင့်ပါတယ်။ဒါပေမယ့် မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် ကျနော်တို့ ဒီနေရာမှာ ရှိနေပါဘူး။အချက်အလက်တွေမှာ ကျနော်တို့ဟာ ကောင်းမွန်တဲ့လမ်းကြောင်းကို ရောက်နေတယ်ဆိုတာ ပြသနေတယ်”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol