ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းရဲ့နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ဂရုစိုက်သွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/inbound226969901815777129.jpg)
ယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်ရဲ့အစုအဖွဲ့ဟာ ရာသီအကုန်မှာ နည်းပြအပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားနေတာပါ။ယူနိုက်တက်အသင်းဟာ နည်းပြရာထူးအတွက် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ကောလာဟလတွေကို အာရုံစိုက်သွားမှာမဟုတ်သလို ဂရုလည်းစိုက်မှာမဟုတ်ပါဘူး။ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့သူတွေဟာ ဆူညံသံနဲ့ ကောလာဟလတွေကို ကြုံတွေ့နေရမှာပါပဲ။ကျနော်တို့ အတူလက်တွဲပြီး နိုင်ပွဲရအောင်လုပ်ဆောင်သွားမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/inbound2537978188936826052-944x1024.jpg)
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၈ ပွဲကစားအပြီးမှာ ၁၁ ပွဲအထိရှုံးပွဲကြုံတွေ့ထားပြီး အဆင့် ၆ နေရာမှာရပ်တည်ကာ ဒီညမှာတော့ ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။