အေဂျတ်စ်အသင်းဟာ PSV အသင်းနဲ့ ကစားခဲ့တဲ့ ဒတ်ချ်လိဂ်ပွဲစဉ်မှာ ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယားအောက်ဆုံးနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

အေဂျတ်စ်အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာ PSV အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပေးဂိုးတွေပြန်ပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့တာပါ။အေဂျတ်စ်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အေဂျတ်စ်အသင်းဟာ ဒတ်ချ်ချန်ပီယံဆုကို ၃၆ ကြိမ်ရရှိထားတယ်လို့ မထင်မှတ်ထားရလောက်အောက်အထိ ဒီရာသီမှာ ရလဒ်တွေတော်တော်ဆိုးနေပြီး လိဂ်ပွဲ ၈ ပွဲကစားအပြီးမှာ ရမှတ် ၅ မှတ်သာစုဆောင်းနိုင်ကာ အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အေဂျတ်စ်အသင်းဟာ ပွဲကစားဖို့ ၂ ပွဲလျော့နေတာကြောင့် အောက်ဆုံးကနေ ပြန်ပြီး ရုန်းထွက်နိုင်မယ်လို့ အသင်းဘက်က မျှော်လင့်ထားပါတယ်။