လိုင်ယွန်အသင်းနည်းပြ ဂရော့ဆိုဟာ မာဆေးလ်အသင်းနဲ့ လီဂူးဝမ်းပွဲစဉ်ကစားဖို့ သွားတဲ့လမ်းမှာ မာဆေးလ်အသင်းပရိသတ်တွေရဲ့ဘတ်စ်ကားကို တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ဒဏ်ရာရခဲ့ပြီး ဦးခေါင်းမှာ သွေးတွေထွက်နေခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်အသင်းဘတ်စ်ကားဟာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခံခဲ့ရပြီ ပြတင်းပေါက်ကွဲကာ ဂရော့ဆိုကို မှန်အကွဲအစတွေ မှန်သွားခဲ့တာဖြစ်ပါတယ်။ဂရော့ဆိုဟာ ဒီဒဏ်ရာကြောင့် ပတ်တီးနဲ့ ထွက်ခွာလာခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့် သူ့ရဲ့ဘယ်ဘက်မျက်လုံးအထက်မှာ ပြတ်ရှဒဏ်ရာရရှိခဲ့တာပါ။
ဒီအဖြစ်အပျက်အပြီးမှာ မာဆေးလ်နဲ့ လိုင်ယွန်အသင်းရဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။လိုင်ယွန်အသင်းကတော့ ဒီဖြစ်ရပ်အပေါ် ဒေါသထွက်နေပြီး မာဆေးလ်အသင်းကလည်း လက်ခံနိုင်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။လိုင်ယွန်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး နိုင်ပွဲတစ်ပွဲမှ မရရှိသေးတာပါ။

လိုင်ယွန်အသင်းဟာ ဒီပွဲကို ရွှေ့ဆိုင်းခဲ့တာကြောင့် လီဂူးဝမ်းအမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေပြီး အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။