မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပြီး ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဝေါလ်ကာနဲ့ ဂျွန်စတုန်းစ်တို့ဟာ ဒီအပတ်ကစားမယ့် အာဆင်နယ်အသင်းနဲ့ပွဲကို လွဲချော်မယ်လို့ ဆိုခဲ့ပါတယ်။
ဝေါလ်ကာဟာ အင်္ဂလန်အသင်းက ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ပွဲချိန်အစောပိုင်းမှာတင်ဒဏ်ရာရရှိခဲ့တာပါ။ဂျွန်စတုန်းစ်ကတော့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာကတော့ သူတို့နှစ်ဦးဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာကို မသိဘူးလို့ ပြောခဲ့ပါတယ်။
သူတို့ နှစ်ဦး အာဆင်နယ်အသင်းနဲ့ ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ဒီဘရိုင်း၊အကန်ဂျီတို့ ဒီပွဲကို ပါဝင်နိုင်မယ်လို့လည်း ဂွာဒီယိုလာက ပြောခဲ့တာပါ။ဒါ့အပြင် ဂိုးသမား အီဒါဆန်ရဲ့အခြေအနေဟာ အများကြီးပိုကောင်းလာပြီလို့လည်း ဂွာဒီယိုလာက ပြောခဲ့ပါတယ်။