Uncategorized

ပွဲမပြီးခင်မှာ ကစားသမားတွေလက်ဆွဲနှုတ်ဆက်ပြီးလုပ်ပွဲကစားခဲ့တဲ့ ဂျန့်ခ်နဲ့ ဝီစတာလိုတို့ပွဲစဉ်

ဘယ်လ်ဂျီယံလိဂ်ပုံမှန်ရာသီ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂျန့်ခ်နဲ့ ဝီစတာလိုအသင်းတို့ပွဲစဉ်ဟာ ၁ ဂိုးစီသရေကျခဲ့ပြီးနောက် ဘယ်လ်ဂျီယံဘောလုံးလောကဟာ လုပ်ပွဲအရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

၂ သင်းစလုံးဟာ ဒီပွဲမှာ ၁ မှတ်ရဖို့သာ လိုအပ်တာကြောင့် သရေပွဲဖြစ်အောင် ကစားသွားခဲ့တာဖြစ်ပါတယ်။ဝီစတာလိုအသင်းဟာ ဒီပွဲမှာ သရေတစ်မှတ်ရတာနဲ့ တန်းဆင်းတာကနေ ရှောင်ရှားနိုင်မှာဖြစ်ပြီး ဂျန့်ခ်အသင်းကတော့ ဒီပွဲမှာ သရေကျခဲ့ရင် အဆင့် ၆ နဲ့ ရာသီသိမ်းပြီး ထပ်ယှဉ်ပြိုင်ရမယ့် ချန်ပီယံရှစ်အဆင့်ကို ယှဉ်ပြိုင်လို့ရမှာဖြစ်ပါတယ်။

ဂျန့်ခ်အသင်းဟာ ပွဲချိန် ၈၆ မိနစ်မှာချေပဂိုးသွင်းပြီးကတည်းက ၂ သင်းစလုံးဟာ ပွဲကို ကစားခြင်းမရှိတော့ဘဲ ရပ်တန့်သွားခဲ့တာပါ။ဂျန့်ခ်အသင်းဟာ ဒီပွဲစဉ်ရဲ့အစောပိုင်းမှာ တစ်ဦးထုတ်ပယ်ခံခဲ့ရတာကြောင့် ဝီစတာလိုအသင်းဟာ ကစားသမားအသာနဲ့ ကစားခဲ့ရပေမယ့် အချင်းချင်းဘောလုံးပေးပို့တာကိုပဲ ပြုလုပ်ပြီး သရေကျနေတာကို ၂ သင်းစလုံးက ပျော်နေကြတာဖြစ်ပါတယ်။

၂ သင်းစလုံးကစားသမားတွေဟာ ပွဲကိုအနိုင်ရဖို့ ကြိုးပမ်းမယ့်အစား ပွဲမပြီးခင်မှာတင် တစ်ဦးနဲ့ တစ်ဦး လက်ဆွဲနှုတ်ဆက်နေကြတာကို မြင့်တွေ့ခဲ့ရတာပါ။ဂျန့်ခ်နည်းပြဆိုရင် ကွင်းဘေးစည်းမှာ ရယ်မောနေတာဖြစ်ပါတယ်။ပွဲအပြီးမှာ ဝီစတာလိုအသင်းဟာ နည်းပြဖြစ်သူ ဒီမေးလ်ကို ထုတ်ပယ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် ၂ ဦးကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကစားသမားအားလုံးကို ဒဏ်ကြေးငွေချမှတ်ခဲ့တာပါ။ဒါ့အပြင် ဂျန့်ခ်နဲ့ ဝီစတာလိုအသင်းတို့ကို ဒဏ်ကြေးငွေ ယူရို ၁ သောင်းစီချမှတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest