လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ လာမယ့်ရာသီ အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူ့ကိုနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ရပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/inbound1813789317498031981-1024x683.jpg)
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်တို့ဟာ ဒီရာသီအကုန်မှာ သူတို့ရဲ့အသင်းတွေကနေ ထွက်ခွာကြတော့မှာပါ။အဲ့ဒါကြောင့် ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဇာဘီအလွန်ဆိုရဲ့ဆုံးဖြတ်ချက်ကြောင့် သူတို့တွေဟာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ အခြားပစ်မှတ်တွေကို ရှာဖွေရတော့မှာပါ။လီဗာပူးလ်အသင်းကတော့ ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီနဲ့ စပို့တင်းနည်းပြ အေမိုရင်မ်တို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/03/inbound8828136556097100699.jpg)
ဘိုင်ယန်မြူးနစ်အသင်းကတော့ အသင်းလက်မဲ့တွေဖြစ်နေတဲ့ မော်ရင်ဟို၊ဇီဒန်းနဲ့ ကွန်တီတို့ထဲက တစ်ဦးကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။