Uncategorized

ရိုးမားရလဒ်တွေဆိုးနေတာကို ဝန်ခံရင်း ဂုဏ်ဆာခံပြန်တဲ့ မော်ရင်ဟို

ရိုးမားအသင်းဟာ ဒီမနက်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျီနိုအာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့အတွက် ရာသီအစ ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ဆိုးရွားတဲ့ ရာသီအစကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အမ်ပိုလီအသင်းကို ၇ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကလွဲပြီး ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး ၆ ပွဲမှာ ၅ မှတ်သာ ရရှိကာ တန်းဆင်းဇုန်အထက်မှာ ရပ်တည်နေခဲ့တာပါ။နည်းပြ မော်ရင်ဟိုအတွက်လည်း သူ့ရဲ့တတိယမြောက်ရာသီရောက်ရင် ရလဒ်တွေဆိုးနေတဲ့ အစဉ်အလာကို ဆက်ပြီးထိန်းသိမ်းနေသလိုဖြစ်နေခဲ့ပါတယ်။

မော်ရင်ဟိုကတော့ ဒါဟာ သူ့အတွက်အဆိုးရွားမှတ်တမ်းကို ဝန်ခံခဲ့ပေမယ့် သူ့ကြောင့် ရိုးမားအသင်း ဥရောပဗိုလ်လုပွဲ ၂ ကြိမ်ဆက်တက်နိုင်ခဲ့တာကိုလည်း ပြောသွားခဲ့တာပါ။မော်ရင်ဟိုက “ရိုးမားအတွက်ရော၊ ကျွန်တော့်နည်းပြဘဝအတွက်ရော အဆိုးရွားဆုံးရာသီစတင်မှုဆိုတာမှန်ပါတယ်။ဒါပေမယ့် ကျွန်တော်ရောက်လာအပြီးမှာ ရိုးမားအသင်းဟာ ဥရောပဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တက်နိုင်ခဲ့တာပါ”လို့ ဆိုခဲ့ပါတယ်။

ရိုးမားအသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ဖရိုစင်နိုနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆာဗတ်တီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol