Uncategorized

စပိန်နဲ့ ဘရာဇီးလ်ခြေစမ်းပွဲမှာ ခြေစွမ်းပြသခဲ့ကြတဲ့ ယာမဲလ်နဲ့ အန်းဒရစ်

စပိန်နဲ့ ဘရာဇီးလ်အသင်းတို့ ၃ ဂိုးစီသရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ စပိန်လူငယ်ကြယ်ပွင့် ယာမဲလ်နဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်းဒရစ်တို့ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့မှာ တွေ့ဆုံကြမယ့် ယာမဲလ်နဲ့ အန်းဒရစ်တို့ဟာ ဒီပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတာပါ။ယာမဲလ်ဟာ ဒီပွဲစဉ်မှာ စပိန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အိုလ်မိုသွင်းယူတဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ယာမဲလ်ရဲ့ခြေစွမ်းကြောင့် ဘာနေဗျူးမှာ ရှိတဲ့ ပရိသတ်တွေက လက်ခုပ်တီးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြတာပါ။

အန်းဒရစ်ကတော့ ဒီပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် ဒုတိယပိုင်းရောက်မှ လူစားဝင်လာခဲ့ရတာဖြစ်ပြီး ပွဲချိန်မိနစ် ၅၀ မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အန်းဒရစ်ကတော့ ရီးရယ်လ်အသင်းကစားသမားဘဝနဲ့ ဘာနေဗျူးမှာ ဂိုးမသွင်းရသေးပေမယ့် ဘရာဇီးလ်ကစားသမားဘဝနဲ့ ဘာနေဗျူးမှာ စပြီး ဂိုးသွင်းနိုင်ခဲ့တာပါ။

အန်းဒရစ်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာလည်း ဘရာဇီးလ်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့သလို စပိန်အသင်းနဲ့ပွဲမှာလည်း ဂိုးသွင်းပြီး အသင်းကြီး ၂ သင်းဆက်တိုက်ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol