Uncategorized

ယူရိုဝင်ခွင့်လက်ကျန် ၃ နေရာကိုရရှိခဲ့တဲ့ ပိုလန်၊ယူကရိန်းနဲ့ ဂျော်ဂျီယာ

ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် နောက်ဆုံးကျန်ရှိနေတဲ့ လက်ကျန် ၃ နေရာအတွက် ပလေးအောဖ့်ဗိုလ်လုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ပိုလန်၊ယူကရိန်းနဲ့ ဂျော်ဂျီယာတို့အနိုင်ရပြီး ဝင်ခွင့်လက်မှတ်ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

Path A ဗိုလ်လုပွဲဖြစ်တဲ့ ဝေးလ်စ်နဲ့ ပိုလန်အသင်းတို့ပွဲမှာ ဝေးလ်စ်အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။ပိုလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ နယ်သာလန်၊သြစတြီးယား၊ပြင်သစ်အသင်းတို့နဲ့ တစ်အုပ်စုတည်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Soccer Football – Euro 2024 Qualifier -Play-Off- Ukraine v Iceland – Stadion Miejski Wroclaw, Wroclaw, Poland – March 26, 2024 Ukraine’s Illia Zabarnyi and Volodymyr Brazhko celebrate after qualifying for Euro 2024 REUTERS/Kacper Pempel

Path B ဗိုလ်လုပွဲဖြစ်တဲ့ ယူကရိန်းနဲ့ အိုက်စလန်အသင်းတို့ပွဲမှာ ယူကရိန်းအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါကြောင့် ယူကရိန်းအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ဆလိုဗက်ကီးယား၊ရိုမေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ယှဉ်ပြိုင်ရမှာပါ။

Path C ဗိုလ်လုပွဲမှာတော့ ဂျော်ဂျီယာအသင်းက ဂရိအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဂျော်ဂျီယာအသင်းကတော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဓိကပြိုင်ပွဲတစ်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ဂျော်ဂျီယာအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တူရကီ၊ပေါ်တူဂီ၊ချက်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest