အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက ဟူစတန်ဒိုင်နမိုအသင်းနဲ့ ကစားမယ့် US Open ဖလားဗိုလ်လုပွဲမှာ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် မက်ဆီကို စွန့်စားပြီးအသုံးပြုနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာပြန်လည်ရရှိခဲ့တာကြောင့် ပြီးခဲတဲ့ အော်လန်ဒိုစီးတီးအသင်းနဲ့ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် မပါဝင်ခဲ့သလို ဗိုလ်လုပွဲမတိုင်ခင် နောက်ဆုံးပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။
မာတီနိုက “ဒီပွဲက ဗိုလ်လုပွဲမဟုတ်ရင် ကျွန်တော်တို့ဟာ ဘယ်လိုစွန့်စားမှုကိုမှပြုလုပ်သွားမှာမဟုတ်ပါဘူး။ဒါပေမယ့် ဒီပွဲက ဗိုလ်လုပွဲဖြစ်တာကြောင့် ကျွန်တော်တို့ဟာ စွန့်စားနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေပြီး လိဂ်ဖလားချန်ပီယံဆုကို ရယူပေးထားနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ မက်ဆီပါဝင်ခဲ့တဲ့ ၁၂ ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ မက်ဆီကလည်း ဒီပွဲတွေမှာ ၁၁ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။