Uncategorized

ဖူလ်ဟမ်ကို ၇ ဂိုးလောက်အထိသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ သူတို့အသင်းဟာ ဖူလ်ဟမ်အသင်းကို ၇ ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆပိုပြီးကောင်းလာတယ်လို့လည်း ပြောခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုအပိုင်းမှာလည်း အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ပွဲပြီးကာနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။

အဲ့ဒါကြောင့် ဖူလ်ဟမ်အသင်းနဲ့ အမှတ်ခွဲဝေခဲ့ရပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရမှတ်စတင်လျော့ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့သင့်ပြီး ဂိုးပြတ်တောင်သွင်းယူနိုင်ခဲ့သင့်တာလို့ ပြောခဲ့တာပါ။

အာတီတာက “ကျွန်တော်တို့ဟာ ဒီပွဲမှာ ၅ ဂိုး၊၆ ဂိုးနဲ့ ၇ ဂိုးလောက်သွင်းယူနိုင်ခဲ့သင့်ပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့ အခုရာသီကို နှိုင်းယှဉ်မယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ ၁၀ ဆ ပိုပြီးကောင်းခဲ့ပါတယ်။ကျွန်တော်တို့ဟာ ပွဲကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပေမယ့် ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ ကွင်းလယ်ခံစစ် ပါတေးကို ညာနောက်ခံနေရာမှာ အသုံးပြုတဲ့အတွက် အာတီတာဟာ ဝေဖန်ခံနေရပြီး ကစားသမားဟောင်း မာတင်ကီအွန်က မနှစ်ကဖြစ်ခဲ့တဲ့ အမှားတွေကို အာဆင်နယ်အသင်းအနေနဲ့ ပြန်လည်သင်ယူသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol