Uncategorized

ဆီးရီးယားဒုအကျော့ပွဲမတိုင်ခင် မိမိတို့ပြဿနာတချို့ကြုံတွေ့နေရတယ်လို့ ဆိုခဲ့တဲ့ မြန်မာနည်းပြ

မြန်မာအသင်းနည်းပြ မိုက်ကယ်က ဒီနေ့ည ကစားမယ့် ဆီးရီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအကျော့ပွဲမတိုင်ခင်မှာ သူတို့ပြဿနာတချို့ကြုံတွေ့နေရတယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဆီးရီးယားအသင်းကို အိမ်ကွင်းမှာ ကစားခဲ့တုန်းက စိုးမိုးကျော်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ၁ ဂိုးစီသရေကျသွားခဲ့တာဖြစ်ပါတယ်။

မြန်မာနည်းပြ မိုက်ကယ်က “ဆီးရီးယားနဲ့ ဒုတိယ အကျော့အတွက် ကျွန်တော်တို့ ပြဿနာတချို့ ကြုံတွေ့နေရပါတယ်။ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တချို့ ကစားသမားတွေ ပါဝင်ကစားနိုင်ဖို့က သံသယရှိနေရဆဲပါ။ ကံမကောင်းစွာနဲ့ပဲ တချို့ ကစားသမားတွေကလည်း ဖျားနာနေကြပြန်ပါတယ်”

*ဒါကြောင့် ဖျားနာနေတဲ့သူ ဒဏ်ရာရှိနေတဲ့သူတွေကို အသုံးပြနိုင်မှာမဟုတ်ဘူးလို့ တွေးထားပါတယ်။ နောက်ပြီး ကစားသမားတစ်ဦးကလည်း ပွဲပယ်ကြောင့် ကျန်နေခဲ့ရတယ်။ ဒါကြောင့် အခုအချိန်မှာ အသင်းက တစ်ဦးချင်း ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ အိမ်ကွင်း ပထမပွဲမှာလိုပဲ စွမ်းဆောင်မှုကောင်းတွေ ထပ်မံ ရယူပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆီးရီးယားနဲ့ မြန်မာအသင်းတို့ရဲ့ဒုတိယအကျော့ပွဲစဉ်ကို ဆော်ဒီနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol