Uncategorized

ပြင်သစ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ဆာလီဘာကို ဝေဖန်ခဲ့တဲ့ နည်းပြ ဒက်ချမ့်ပ်စ်

ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ နောက်ခံလူ ဆာလီဘာကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး အသင်းရဲ့ခံစစ်ကို ဦးဆောင်ထားပေမယ့် ပြင်သစ်အသင်းမှာတော့ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတာပါ။ဆာလီဘာဟာ ပြင်သစ်အသင်းနောက်ဆုံးကစားခဲ့တဲ့ ၁၈ ပွဲမှာ ၂ ပွဲသာပွဲထွက်ခွင့်ရရှိတဲ့အထိ နည်းပြရဲ့ယုံကြည်မှုကို မရရှိတာဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က ဆာလီဘာနဲ့ပတ်သက်ပြီး “သူဟာ ကောင်းမွန်တဲ့ရာသီတစ်ခုရှိနေပေမယ့် သူဟာ ကျနော်ကြိုက်နှစ်သက်မှုမရှိတဲ့ အရာတွေကို ပြုလုပ်ပါတယ်။ပြင်သစ်မှာဆိုရင် သူ့အတွက် ပွဲကစားချိန်က အကန့်အသတ်နဲ့သာ ရှိတာဖြစ်ပါတယ်။ဒါပေမယ့် သူဟာ ပါဝင်ကစားတဲ့အချိန်မှာလည်း ကောင်းမွန်စွာစွမ်းဆောင်နိုင်ခြင်းမရှိပါဘူး။ကစားသမားတွေ ပုံစံကောင်းရနေတော့ သူဟာ အခုအချိန်မှာ မျက်နှာသာမရပေမယ့် သူက ဒီမှာရှိနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆာလီဘာဟာ ပြင်သစ်အသင်းက ဂျာမနီအသင်းကို အရေးနိမ့်တဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်မရခဲ့ပေမယ့် ချီလီအသင်းနဲ့ပွဲမှာတော့ ပြင်သစ်အသင်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ဆာလီဘာဟာ လက်ရှိအချိန်ထိ ပြင်သစ်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol