ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဖာတက်ချ်အသင်းကို အဝေးကွင်းမှာ ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပွဲရရှိအောင် ခြေစွမ်းပြပြီး ဟတ်ထရစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းအတွက်နောက်ထပ် ၂ ဂိုးကို မာနေးက သွင်းယူခဲ့ပြီး ရော်နယ်ဒိုက မာနေးသွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးကို လှလှပပဖန်တီးပေးသွားခဲ့ပါတယ်။အယ်လ်နာဆာအသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ဆော်ဒီလိဂ် ၂ ပွဲစလုံးမှာ နိုင်ပွဲပျောက်ခဲ့တာကြောင့် အယ်လ်ဖာတက်ချ်နဲ့ ပွဲမှာ နိုင်ပွဲရယူနိုင်ဖို့ အားစိုက်ခဲ့တာပါ။
WHAT AN ASSIST FROM RONALDO WOW
— Janty (@CFC_Janty) August 25, 2023
Finished off by Mane. Great duo
pic.twitter.com/MmvcnaWox2
အဲ့ဒါကြောင့်လည်း ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲစတင်ရယူနိုင်ခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲက ဟတ်ထရစ်ကြောင့် ကစားသမားဘဝမှာ ဟတ်ထရစ်အရေအတွက် ၆၃ ကြိမ်အထိရှိလာခဲ့သလို လိဂ်ပြိုင်ပွဲမှာ ၂၁ ရာသီဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
MANE WITH RONALDO'S SIUUU CELEBRATION. 😍😂pic.twitter.com/Ck8lemyWXH
— The CR7 Timeline. (@TimelineCR7) August 25, 2023
ရာသီအစမှာ အယ်လ်နာဆာအသင်းနဲ့ ဆုဖလားရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အသင်းအတွက် ၉ ပွဲပါဝင်ကစားထားပြီး ၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။