ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းက အယ်လ်ရီယာဒ့်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ သူ့ရဲ့ပထမဆုံးဆော်ဒီလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘန်ဇီမာဟာ ကွင်းလယ်ကနေ တောက်လျှောက်ဆွဲလာပြီး အသင်းဖော်နဲ့ တွဲဖက်ကာ ဂိုးဧရိယာထဲမှာ လှပတဲ့ သွင်းဂိုးအဖြစ်အဆုံးသတ်ခဲ့တာပါ။ဘန်ဇီမာဟာ ဒီပွဲမှာ အယ်လ်အစ်တီဟတ်အသင်းရဲ့အသင်းခေါင်းဆောင် လက်ပတ်ကိုပါဝတ်ဆင်ပြီး အသင်းအတွက် ခြေစွမ်းပြကာ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကိုပါ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာနဲ့ နည်းပြနူနိုဆန်တိုတို့ဟာ အဆင်မပြေမှုတွေဖြစ်နေပြီး ဘန်ဇီမာဟာ သူ့ရဲ့နည်းစနစ်တွေနဲ့ အံ့ဝင်မှုမရှိကြောင်းနဲ့ ဘန်ဇီမာကို သူခေါ်ယူဖို့ မတောင်းဆိုခဲ့တာကြောင့် အဝတ်လဲခန်းထဲမှာ တင်းမာမှုတွေဖြစ်နေတယ်လို့ ဆော်ဒီသတင်းစာတစ်စောင်က ဖွင့်ချခဲ့တာပါ။ဒါ့အပြင် ဘန်ဇီမာရဲ့အသင်းခေါင်းဆောင်ရာထူးတောင်းဆိုတာကို နည်းပြနူနိုဆန်တိုက ပယ်ချခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲမှာ ဘန်ဇီမာဟာ အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ခဲ့ပြီး ဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်းပြသသွားခဲ့တာပါ။ဘန်ဇီမာရဲ့အယ်လ်အစ်တီဟတ်အသင်းဟာ လက်ရှိချန်ပီယံအသင်းပီပီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။