ရီးရယ်လ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားတဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မှုတွေခံခဲ့ရတာပါ။ဘတ်ပီကတော့ ရီးရယ်လ်အသင်းထံ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

အန်ဆယ်လော့တီက သူတို့ဟာ အခုအပြောင်းအရွှေ့မှာ ဘာပေကို ခေါ်ယူမှာမဟုတ်သလို ကစားသမားသစ်တွေထပ်ပြီး ခေါ်ယူသွားတော့မှာမဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ရီးရယ်လ်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဘယ်လင်ဂမ်၊အာဒါဂူလာ၊ဖရန်ဂါစီယာတို့ကို အပြီးသတ်ခေါ်ခဲ့ပြီး ကီပါနဲ့ ဟိုဆေးလူတို့ကိုတော့ အငှားနဲ့ ခေါ်ယူခဲ့တာပါ။

ပီအက်စ်ဂျီအသင်းကတော့ ဘတ်ပီကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် လာမယ့်နှစ် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုမယ်ဆိုတဲ့ အချက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။